Tuesday, February 25, 2014

၆။ ဖြန့်ချီရမည့်တာဝန်

ဟဇရသ် ယအ်လာဗင်န်ရှဒ္ဒါဒ်(ရဒွိယလ်လာဟုအန်ဟု) အမိန့်ရှိသည်။ ကျွန်ုပ်ဖခင် ဟဇရသ် ရှဒ္ဒါဒ်(ရဒွိယလ်လာဟုအန်ဟု) က အောက်ပါ အဖြစ်အပျက်ကို ပြောပြခဲ့သည်။ ထိုအချိန်က ဟဇရသ်အုဗာဒဟ်(ရဒွိယလ်လာဟုအန်ဟု) လည်းရှိနေရာ ၎င်းကလည်း ထောက်ခံခဲ့သည်။ တစ်ခါက ကျွန်ုပ်တို့သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံ၌ ခစားနေကြသည်။ ထိုစဉ် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ဤထိုင်ဝိုင်း၌ မွတ်စ်လင်မ် မဟုတ်သူများရှိပါသလားဟု မေးတော်မူရာ ကျွန်ုပ်တို့က တစ်ယောက်မျှမပါရှိပါဟု ဖြေကြားကြသည်။ ထိုအခါ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က တံခါးပိတ်လိုက်ကုန်။ ပြီးနောက် ဆက်လက်၍ အမိန့်ရှိတော်မူသည်။ မိမိတို့၏လက်များကို မြှောက်လိုက်ကြပါ။ ပြီးနောက် (လာအေလားဟ အစ်လလ္လာဟ်) ကို ရွတ်ဆိုကြပါလေ။ ထိုအခါ ကျွန်ုပ်တို့အားလုံးက မိမိတို့၏လက်များကို အချိန်အနည်းငယ်ကြာမျှ မြှောက်ထား၍ ကလေမဟ် တော်ကို ရွတ်ဆိုကြလေ၏။ ပြီးနောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က လက်များကို ပြန်ချတော်မူပြီး အမိန့်ရှိတော်မူသည်။ အမ်ဟမ်ဒုလလ္လာဟ် အို အလ္လာဟ်၊ အရှင်မြတ်က ကျွန်တော်မျိုးအား ဤကလိမဟ်တော်ကို ချီးမြှင့်၍ စေလွှတ်တော်မူခဲ့ပါသည်။ ၎င်းကလိမဟ်တော်ကို ဖြန့်ချီရန်လည်း အမိန့်ပေးခဲ့ပါသည်။ ၎င်းကလိမဟ်တော်အတွက် ဂျန္နတ်ရရှိမည်ကိုလည်း ကတိပြုခဲ့ပါသည်။ အရှင်မြတ်သည် မိမိကတိတော်ကို မည်သည့်အခါတွင်မျှ ဖျက်တော်မူလိမ့်မည်မဟုတ်ပါ။ ပြီးနောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ကျွန်ုပ်တို့အား အမိန့်ရှိတော်မူသည်။ ၀မ်းမြောက်ပျောက်ရွှင်ကြလေကုန်။ အလ္လာဟ်(စွဗ်ဟာနာ ၀သအာလာ) က အသင်တို့အား ခွင့်လွှတ်ချမ်းသာပေးတော်မူလိုက်ပြီ ။ (မွတ်စ်နဒ်အဟ်မဒ်)

No comments:

Post a Comment