Monday, February 17, 2014

ဟဒီးစ်တော်များ

၁။ အီမာန်၏ အမြင့်ဆုံးအချက်

ဟာဇရသ် အဗူဟုရိုင်ရဟ် (ရဒွိယလ်လာဟုအန်ဟု ) က ဆင့်ပြန်ခဲ့သည် ။တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ် ) အမိန့်ရှိတော်မူသည်။ အီမန်တွင် အကိုင်းအလက်ပေါင်း ( ၇၀ )ကျော်ရှိသည်။ ၎င်း တို့အနက် အမြင့်မားဆုံးသော အချက်မှာ   La ilaha illa-llah ကိုယုံကြည်လက်ခံခြင်းဖြစ် ၍ အနိမ့်ဆုံးသော်အချက်မှာ လူအများအားဒုက္ခဖြစ်စေသောဆူးငြောင့်ခလုတ်များကိုလမ်းမှဖယ်ရှားပေးခြင်း
ဖြစ်သည်။ထို့အပြင် အရှက်တရားသည် အီမာန်၌ အလွန်ရေးကြီးသောအကိုင်းအလတ် ( ၀ါ )အချက်တခု ဖြစ်ပေသည် ။ ( မွတ်စလင် )


၂ ။ လွတ်မြောက်ရေးအကြောင်း

ဟဇရသ်အဗူဗရ် (ရဒွိယလ်လာဟုအန်ဟု ) က ဆင့်ပြန်ခဲ့သည် ။တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ် ) အမိန့်ရှိတော်မူသည်။ အကြင်သူသည် ဤ ကလိမဟ်တော်ကို ယုံကြည်လက်ခံခဲ့ပါလျှင် ၎င်းကလိမဟ်ကို ငါကိုယ်တော်မြတ်က မိမိ၏ဘကြီးတော် ( အဗူသွာလိဗ် )အား ( ၎င်းအားကွန်လွန်ခါနီးတွင် ) သင်ပြပေးရာ ၎င်းက ငြင်းပယ်ခဲ့သည် ။ ၎င်းကလေမဟ်သည် ထိုသူ့အဖို့ လွတ်မြောက် အောင်မြင်စေသော အကြောင်းခံဖြစ်လေသည် ။  ( မွတ်စ်နဒ်အဟမဒ် )


၃ ။ အီမာန်ကိုလန်းဆန်းအောင်ပြု

ဟဇရသ် အဗူဟုရိုင်ရဟ်  (ရဒွိယလ်လာဟုအန်ဟု ) က ဆင့်ပြန်ခဲ့သည် ။တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ် ) အမိန့်ရှိတော်မူသည်။ မိမိတို့၏အီမာန်ကို လန်းဆန်းအောင် ပြုလုပ်ကြလေကုန် ။ထိုအခါလူအများက ယာရစူလလ္လာဟ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ် )ကျွှန်ုပ်တို့သညိမိတို့၏ အီမာန်ကိုအဘယ်ကဲ့သို့ လန်းဆန်းအောင်ပြုလုပ်ရပါမည်နည်းဟု မေးလျှောက်ကြလေရာ အမိန့်ရှိတော်မူသည်မှာ La ilaha illa-llah ကိုများမြောက်စွာ ရွှတ်ဖတ်ပြောဆိုကြလေကုန် ။


၎ ။ အမွန်မြတ်ဆုံး ဇိက်ရ်နှင့် အသာမြတ်ဆုံး ဒုအာ

ဟာဇရသ် ဂျာဗိရ်ဗင်အဗ်ဒွလ္လာဟ် (ရဒွိယလ်လာဟုအန်ဟု ) က ဆင့်ပြန်ခဲ့သည် ။တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ် ) အမိန့်ရှိတော်မူသည်။ ဇိက်ရ်များအနက် အမွန်မြတ်ဆုံးသောဇိက်ရ်မှာ La ilaha illa-llah ပင်ဖြစ်သည် ။ ၎င်းဒိုအာများအနက် အသာမြတ်ဆုံးသော ဒိုအာမှာ al-ham-doo-li-lah ဖြစ်သည်။
(သစ်ရ်မေဇီ)

ရှင်းလင်းချက် ။     ။ La ilaha illa-llah ကိုအသာမြတ်ဆုံးသော ဇိက်ရ်အဖြစ် ဖော်ပြရခြင်းမှာ အစ္စလာမ်သာသနာတခုလုံး၏ အခြေခံသည်ပင် ၎င်းအပေါ်၌  တည်နေလေသည်။၎င်းအချက်မပါဘဲနှင့်အီမာန်မစစ်မှန်မပြည်စုံနိုင်ချေ။၎င်းမွတ်စလင်မ်ပင်မဖြစ်နိုင်ချေ။     al-ham-doo-li-lah ကိုအသာမြတ်ဆုံးသော ဒိုအာအဖြစ် ဖော်ပြရခြင်းမှာ အလွန်တရာသနားကြင်နာသောအရှင်အား ချီးမွမ်းမှုပြုခြင်းသည်ပင်လျှင် တောင်းဆိုအသနားခံခြင်း ဖြစ်ပေရာ ဒိုအာဟူသည် အရှင်မြတ်ထံတော်မှ တောင်းဆို အသနားခံခြင်းကိုပင် ခေါ်ပေသည်။
(မဇွာဟစ်ရ်ဟပ်က် )


၅ ။ မရရှ်သို့ပေါက်သောကလေမဟ်

ဟဇရသ်အဗူဗရ် (ရဒွိယလ်လာဟုအန်ဟု ) က ဆင့်ပြန်ခဲ့သည် ။တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ် ) အမိန့်ရှိတော်မူသည်။ဗန္ဓဟ်တဦးသည် စိတ်စေတနာဖြူစင်စွာဖြင့် La ilaha illa-llah ကိုရွတ်ဆိုခဲ့ပါမူကလိမဟ်အတွက်မိုးကောင်းကင်တံခါးများသည်ပွင့်သွားပေသည်။ပြီးနောက် ဤကလိမဟ်တော်သည် ချက်ချင်းကဗူလ်ဖြစ်၍ အရရှ်ပလ္လင်တော်သို့တိုင် ရောက်ရှိသွားပေသည် ။ သို့သော်၎င်းကလိမဟ်တော်ကိုရွတ်ဆိုသောသူသည်ဂိုနာဟ်ကဗီရဟ်ကြီးလေးသောအပြစ်ဂိုနဟ်များမှ ရှောင်ကြဉ်သူဖြစ်ရမည်။
(သစ်ရ်မေဇီ)

ရှင်းလင်းချက် ။   ။ စိတ်စေတနာဖြူစင်စွာဖြင့်ဟူသည် စိတ်၌မသမာ မရိုးသားမှု ၊ ပြစားမှု ၊ ကောက်ကျစ်မှုမျာဒမရှိစေရပေ ။၎င်းကြီးလေးသောအပြစ်ဂိုနာများမှ ရှောင်ကြဉ်ရန် စည်းကမ်းသတ်မှတ်ရခြင်းမှာလည်း ၎င်းကလိမဟ်တော်ကို အလျင်အမြန်လက်ခံ ကဗူလ်ပြုရန်အတွက်ပင် ဖြစ်ပေသည်။ အကယ်၍ ( ကဗီရဟ်ဂိုနာဟ်) ကြီးလေးသောအပြစ်ဂိုနာဟ်များ ကျူးလွန်ထားခဲ့ပါမူလည်း ၎င်းကလိမဟ်တော်ကို ဖတ်ရွတ်ခြင်းဖြင့် အကျိုးအမြတ်မှ လက်မဲ့ဖြစ်ရ လက်မဲ့ဖြစ်ရမည်တော့ မဟုတ်ချေ။
( မစ်ရ်ကာသ် )


၆ ။ ဖြန့်ချီရမည့် တာဝန်

ဟဇရသ် ယအ်လာဗင်န်ရှဒ္ဒါဒ် (ရဒွိယလ်လာဟုအန်ဟု ) က အမိန့်ရှိသည်။ကျွှန်ုပ်ဖခင် ဟဇရသ်ရှဒ္ဒါဒ် (ရဒွိယလ်လာဟုအန်ဟု ) ကအောက်ပါအဖြစ်အပျက်ကို ပြောပြခဲ့သည်။ထိုအချိန်က ဟဇရသ် အုဗာဒဟ် (ရဒွိယလ်လာဟုအန်ဟု )လည်းရှိနေရာ ၎င်းကလည်းထောက်ခံခဲ့သည်။တစ်ခါကကျွှန်ုပ်တို့သည်တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ် ) ထံ၌ ခစးနေကြသည်။ထိုစဉ် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ် )က ဤထိုင်ဝိုင်း၌ မွတ်စလင်မ်မဟုတ်သူများရှိပါသလားဟု မေးတောမူရာ ကျွန်ုပ်တို့ကတစ်ယောက်မျှမပါရှိပါဟု ဖြေကြားကြသည် ။ထိုအခါ ကိုယ်တော်မြတ်က (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ် ) က တံခါးပိတ်လိုက်ကုန် ။ပြီးနေက် ဆက်လက်၍  အမိန့်ရှိတော်မူသည် ။မိမိတို့၏ လက်များကိုမြှောက်လိုက်ကျပါ။ပြီးနောက် La ilaha illa-llah ကိုရွတ်ဆိုကျပါလေး ။ထိုအခါ ကျွန်ုပ်တို့အားလုံးက မိမိတို့၏လက်များကို အချိန်အနည်းငယ်ကြာမျှ မြောက်ထား၍ ကလေမဟ်တော်ကို ရွတ်ဆိုကျလေ၏ ။ပြီးနောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ် )က လက်များကိုပြန်ချတော်မူပြီးအမိန့်တော်ရှိတော်မူသည်။al-ham-doo-li-lah  အို အလ္လာဟ်၊ အရှင်မြတ်က ကျွန်တော်မျိုးအား  ဤကလိမဟ်တော်ကို ချီးမြှင့်၍ စေလွှတ်တော်မူခဲ့ပါသည် ။၎င်း ကလိမဟ်တော်ကို ဖြန့်ချီရန်လည်း အမိန့်ပေးခဲ့ပါသည် ။၎င်း ကလိမဟ်တော်အတွက် ဂျန္နသ်ရရှိမည်ကိုလည်း ကတိပြုခဲ့ပါသည်။အရှင်မြတ်သည် မိမိကတိတော်ကို မည်သည့်အခါတွင်မျှ ဖျက်တော်မူလိမ့်မည် မဟုတ်ပါ။ပြီးနောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ် ) က ကျွန်ုပ်တို့အား အမိန့်တော်ရှိတော်မူသည်။ဝမ်းမြောက်ပျော်ရွှင်ကြလေကုန်။အလ္လာဟ် ( စွဗ်ဟာနဟူဝသအာလာ ) က အသင်တို့အား ခွင့်လွှတ်ချမ်းသာပေးတော်မူလိုက်ပြီး။
(မွတ်စ်နဒ်အဟ်မဒ်)

No comments:

Post a Comment