Saturday, February 22, 2014

၎။အမွန်မြတ်ဆုံး ဇိက်ရ်နှင့် အသာမြတ်ဆုံးဒိုအာ

ဟဇရသ် ဂျာဗိရ်ဗင်န်အဗ်ဒွလ္လာဟ်(ရဒွိယလ်လာဟုအန်ဟု)က ဆင်ပြန်.ခဲ့သည်။တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ဤသို့အမိန့်ရှိတော်မူသည်ကို ကြားခဲ့ရသည်။ ဇိက်ရ်များအနက် အမွန်မြတ်ဆုံးသော ဇိက်ရ်မှာ (လာအေလားဟ အစ်လလ္လာဟ်ဟို့) ပင်ဖြစ်သည်။ ၎င်းဒိုအာများအနက် အသာမြတ်ဆုံးသော ဒိုအာမှာ (အမ်ဟမ်ဒုလလ္လာဟ်) ဖြစ်သည်။ (သစ်ရ်မေဇီ)

ရှင်းလင်းချက် ။    ။ (လာအေလားဟ အစ်လလ္လာဟ်ဟို.)ကို အသာမြတ်ဆုံးသော ဇိက်ရ်အဖြစ် ဖော်ပြရခြင်းမှာ အစ္စလာမ်သာသနာတော်တစ်ခုလုံး၏ အခြေခံသည်ပင် ၎င်းအပေါ်၌ တည်နေလေသည်။၎င်းအချက်မပါဘဲနှင့် အီမာန်မစစ်မှန် မပြည့်စုံနိုင်ချေ။ ၎င်းမွတ်စ်လင်မ်ပင်မဖြစ်နိုင်ချေ။(အမ်ဟမ်ဒုလလ္လာဟ်)ကိုအသာမြတ်ဆုံးသော ဒိုအာအဖြစ်ဖော်ပြရခြင်းမှာ အလွန်တရာသနားကြင်နာသောအရှင်အား ချီးမွမ်းမှုပြုခြင်းသည်ပင်လျှင် တောင်းဆိုအသနားခံခြင်း ဖြစ်ပေရာ ဒိုအာဟူသည် အရှင်မြတ်ထံတော်မှ တောင်းဆို အသနားခံခြင်းကိုပင်ခေါ်ပေသည်။

No comments:

Post a Comment