Sunday, February 23, 2014

၅။ အရရှ်သို့ပေါက်သော ကလေမဟ်


ဟဇရသ် အဗူဟုရိုင်ရဟ်(ရဒွိယလ်လာဟုအန်ဟု)ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အမိန့်ရှိတော်မူသည်။ ဗန္ဒဟ်တစ်ဦးသည် စိတ်စေတနာဖြူစင်စွာဖြင့် (လာအေလားဟ အစ်လလ္လာဟ်ဟို့) ကိုရွတ်ဆိုခဲ့ပါမူ ၎င်းကလိမဟ်အတွက် မိုးကောင်းကင်၏တံခါးများသည် ပွင့်သွားပေသည်။ ပြီးနောက် ဤကလိမဟ် တော်သည် ချက်ချင်းကဗူလ်ဖြစ်၍ အရရှ်ပလ္လင်တော်သို့တိုင် ရောက်ရှိသွားပေသည်။ သို့သော်၎င်းကလိမဟ်တော်ကို ရွတ်ဆိုသောသူသည် ဂိုနာဟ်ကဗီရဟ် ကြီးလေးသော အပြစ်ဂိုနာဟ်များမှ ရှောင်ကြဉ်သူဖြစ်ရမည်။

ရှင်းလင်းချက်။    ။ စိတ်စေတနာ ဖြူစင်စွာဖြင့် ဟူသည် စိတ်၌မသမာ မရိုးသားမှု့၊ပြစားမှု့၊ကောက်ကျစ်မှုများမရှိစေရပေ။ ၎င်းကြီးလေးသောသော အပြစ်ဂိုနာဟ်များမှရှောင်ကြဉ်ရန် စည်းကမ်းသတ်မှတ်ရခြင်းမှာလည်း ၎င်းကလိမဟ်တော်ကို အလျင်အမြန်လက်ခံ ကဗူလ်ပြုရန်အတွက်ပင် ဖြစ်ပေသည်။ အကယ်၍(ကဗီရဟ်ဂိုနာဟ်)ကြီးလေးသော အပြစ်ဂိုနာဟ်များ ကျူးလွန်ထားခဲ့ပါမူလည်း ၎င်းကလိမဟ်တော်ကို ဖတ်ရွတ်ခြင်ဖြင့် အကျိုးအမြတ်မှ လက်မဲ့ဖြစ်ရမည်တော့မဟုတ်ချေ (မစ်ရ်ကာသ်)

No comments:

Post a Comment