Sunday, February 16, 2014
ကုရ်အာန်အာယတ်တော်များ
(၂) အကြင်သူတို.သည်သာလျှင် မုအ်မင်သက်ဝင်ယုံကြည်သူ(အစစ်အမှန်) များဖြစ်ကြကုန်၏။ ၎င်းတို.ရှေ.၀ယ် အလ္လာဟ်အရှင်မြတ်အား သတိရခဲ့လျှင် ၎င်းတို.၏စိတ်နှလုံးများသည် ထိတ်လန်.သွားကြကုန်၏။ ထို.ပြင် အကယ်၍ ၎င်းတို.၏ရှေ.၌ ထိုအရှင်မြတ်၏ အာယသ်တော်များကို ဖတ်ကြားခဲ့ပါမူ ထိုအာယသ်တော်များသည် ၎င်းတို.၏ အီမာန်သက်ဝင်ယုံကြည်မှု.ကို တိုးတက်ခိုင်မြဲစေကြကုန်၏။ ထိုမှ တစ်ပါး ၎င်းတို.သည် (မိမိတို.၏ ကိစ္စအ၀၀၌)မိမိတို.အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အပေါ်၌ပင် ယုံကြည်စိတ်ချလွဲအပ်ကြကုန်သတည်း။ (ကုရ်အာန်၊ ၈း ၂)
(၃) သို.ဖြစ်ပေရာ အကြင်သူတို.သည် အလ္လာဟ်အရှင်မြတ်ကို ယုံကြည်ကြ၍ ထိုအရှင်မြတ်၏ (ဒီးန်) သာသနာအစ္စလာမ်ကို မြဲမြံခိုင်ခံ့စွာ လက်ကိုင်ထားရှိကြကုန်၏။ သို့ဖြစ်လျှင် ထိုသူတို.အား မကြာမီ ထိုအရှင်မြတ်သည် မိမိ၏ ဂရုဏာတော်(တည်းဟူသော ဂျန္နသ်အမတဥယျဉ်ဘုံနန်း)နှင့် ကျေးဇူးတော်အတွင်းသို. ရောက်စေတော်မူအံ့။ ၎င်းပြင် ထိုအရှင်မြတ်သည် ယင်းသူတို.အား မိမိထံတော်သို.(ရောက်ရှိနိုင်ရန်) ဖြောင့်မတ်သော(တရား)လမ်းမှန်ကိုလည်း ညွှန်ပြတော်မူလတ္တံ။ (ကုရ်အာန်၊ ၄း ၁၇၅)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment