(၄) ဧကန်မလွဲ ငါအရှင်မြတ်သည် မိမိရစူလ်တမန်တော်တို့အားလည်းကောင်း ၊မျက်မှောက်ဒွန္နယာဘ၀၌ လည်း ကူညီစောင်မလျက်ရှိတော်မူ၏ ။သက်သေရပ်ကြမည့် (ကိယာမသ်ရှင် ပြန်ထမည့်)နေ့တွင်လည်း (ကူညီစောင်မတော်မူမည်။) (ကုရ်အာန် ၊ ၄၀း ၅၁)
(၅) အကြင်သူတို့သည် အီမာန်သက်ဝင်ယုံကြည်ကြ၏ ။၎င်းပြင်ထိုသူများသည် မိမိတို့အီမာန်သက်ဝင်ယုံကြည်မှုကို ( ရှိရ်က် ) တွဲဖက်ကိုးကွယ်မှုနှင့်ရောနှောခြင်းကိုလည်း မပြုခဲ့ကြချေ။ဘေးရန်ကင်းငြိမ်းခြင်းသည်ထိုသူအဖို့သာလျှင်ရှိ၏ ။၎င်းပြင်ထိုသူတို့သည်ဖြောင့်မှန်မှန်ကန်သေတရးလမ်းကြောင်းကို ရရှိသူများဖြစ်ကြကုန်သတည်း ။ (ကုရ်အာန် ၊ ၆း၈၂ )
(၆) သို့ရာတွင်ယုံကြည်ခြင်း သဒ္ဓါတရားရှိကြသူတို့မှာမှု အလ္လာဟ်အရှင်မြတ်ကိုသာလျှင်အလွန်ထက်သန်သော(ယုံကြည်ခြင်းသဒ္ဓါတရားဖြင့်) ချစ်ကြည်မြတ်နိုး ကိုးကွယ်ကြလေသည်။ ( ကုရ်အာန် ၊ ၂း ၁၆၅ )
(၇ ) အို နဗီတမန်တေ် အသင်သည် (၎င်းတို့အား တစ်ဖန် ဤသို့) ပြောကြားပါလေဦး ။အချင်းတို့ ငါ၏ဆွလာသ်ဝတ်ပြုမှုသည်လည်းကောင်း ၊ငါ၏ (အခြားအခြားသော ) ခ၀ပ်ကိုးကွယ်မှု ( အပေါင်း ) တို့လည်းကောင်း ၊ ငါ၏အသက်ရှင်ခြင်းသည်လည်းကောင်း ၊ငါ၏အသက်သေခြင်းသည်လည်းကောင်း၊ စကြ၀ဠာခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်နှစ်သက်တော်မူရန်သာလျှင်ဖြစ်သည်။
ကုရ်အာန် ၊ ၆း ၁၆၂)
No comments:
Post a Comment