Thursday, April 3, 2014

၇။ အီမာန်ကြောင့် မဂ်ဖိရသ်



ဟဇရသ်အဗူဇရ်(ရသွေ့) က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွ) အမိန့်ရှိတော်မူသည်။ အကြင်ဗန္ဓဟ်သည် (လာအေလားဟ အစ်လလ္လာဟ်)ကို ရွတ်ဆို ယုံကြည်လက်ခံခဲ့သည်။ ပြီးနောက် ဤယုံကြည်ချက်ဖြင့် ကွယ်လွန်ခဲ့ပါလျှင် ၎င်းသူသည် ဧကန်မုချ ဂျန္နတ်သို့ဝင်ရောက်ရပေမည်။ ထိုအခါကျွန်ုပ်က အကယ်၍ ၎င်းသူသည် ဇေနာနှင့် ခိုးဝှက်သောအမှုကို ကျူးလွန်ခဲ့လျှင် အဘယ်သို့ပါနည်းဟု မေးလျှောက်ရာ ကိုယ်တော်မြတ်(ဆွ)က အကယ်၍ ၎င်းသူသည် ဇေနာကျူးလွန်ခဲ့ပါသော်၊ ခိုးဝှက်ခဲ့ပါသော်ဟု အမိန့်ရှိတော်မူသည်။ တစ်ဖန် ကျွန်ုပ်က ဆက်လက်၍ အကယ် ၎င်းသည် ဇေနာကျူးလွန်ခဲ့ပါလျှင် ၊ ခိုးဝှက်ခဲ့ပါလျှင် အဘယ်သို့နည်းဟု မေးလျှောက်တော်မူရာ ကိုယ်တော်မြတ်(ဆွ)က အကယ်၍ ၎င်းသည် ဇေနာကျူးလွန်ခဲ့ပါသော်၊ ခိုးဝှက်ခဲ့ပါသော် ဟု ဖြေကြားတော်မူသည်။ (၎င်းအမေးကို သုံးကြိမ်ဖော်ပြပါသည်။ (အလ္လာဟ်ရဂ်မေ့)အဗူဇရ်ဖြစ်သော်လည်း မုချဧကန် ၎င်းသူသည် ဂျန္နတ်သို့ ၀င်ရောက်ရပေမည်။
ရှင်းလင်းချက်။   ။ (အလ္လာဟ်ရဂ်မေ့)သည် အရဗီစာပေ၌ သီးသန့်အသုံးအနှုန်းတစ်ခုဖြစ်သည်။၎င်းစာလုံး၏ ဆိုလိုရင်းမှာ အကယ်၍ အသင်သည် မလိုလားမနှစ်သက်သော်ငြားလည်း၊ အသင်က ၎င်းအမှုကိစ္စကို မဖြစ်စေလိုသော်လည်း ၎င်းအမှုကိစ္စသည် ဖြစ်ကို ဖြစ်လာပေလိမ့်မည်။ ဟဇရသ် အဗူဇရ်(ရသွေ့)က အလွန်အံသြနေပေသည်။ ဤမျှ ကြီးမားလှသော အပြစ်ဒုစရိုက်များကို ကျူးလွန်ထားပါလျက်နှင့် အဘယ်သို့ ဂျန္နသ်သို့ ၀င်ရောက်ကြပါမည်နည်း။ တရားတော်အရ ဖြစ်သင့်သည်မှာ အပြစ်ဒုစရိုက်၏ အပြစ်ပေးမှုကို ခံယူရပေလိမ့်မည်။ သို့ဖြစ်ရာ တမန်တော်မြတ်(ဆွ)ံက ၎င်း၏တွေဝေ အံသြနေမှုများ ပပျောက်သွားစေရန်အတွက်ကြောင့် အမိန့်ရှိတော်မူခြင်းဖြစ်သည်။ ဟဇရသ် အဗူဇရ်(ရသွေ့) အဘယ်မျှပင် မလိုလား မနှစ်မြို့သော်ငြားလည်း ၎င်းသူသည် မုချဂျန္နတ်သို့ ၀င်ရောက်ရပေလိမ့်မည်။ အကယ်၍ ၎င်းအပြစ် ဂိုနာဟ်ကျူးလွန်ခဲ့ပါမူ ၎င်း၏အီမာန်က စေ့ဆော်တိုက်တွန်းမှုဖြင့် ၎င်းသည် သောင်ဗဟ်အစ္စသစ်ဂ်ဖာရ်အမှားဝန်ချတောင်းပန်ပေလိမ့်မည်။သို့မဟုတ်ကလည်း အရှင်မြတ်သည် မိမိ၏ မဟာကရုဏာတ်တော်၏ သဟဲဖြင့် ခွင့်လွှတ်ချမ်းသာပေးတော်မူပြီး(သို့) အဇာဗ်ခံယူစေပြီးမှ ဂျန္နတ်သို့ ၀င်ရောက်ခွင့် ချီးမြှင့်တော်မူလိမ့်မည်။
  အာလင်ပညာရှင်များက အမိန့်ရှိကြသည်။ အထက်ပါဟဒီးဆ်တော်၌ ပါရှိသော (လာအေလားဟ အစ်လလ္လာဟ်) ရွတ်ဆိုခြင်းဟူသည် သာသနာတော်တစ်ရပ်လုံးနှင့် သောင်ဟီးဒ်တစ်ပါးတည်းသော အရှင်မြတ်ပေါ် အီမာန်ယူသက်ဝင်ယုံကြည်ခြင်းနှင့် ၎င်းအပေါ်လိုက်နာကျင့်သုံခြင်းကို ပင်ခေါ်ပေသည်။

No comments:

Post a Comment