Thursday, April 3, 2014
၇။ အီမာန်ကြောင့် မဂ်ဖိရသ်
ဟဇရသ်အဗူဇရ်(ရသွေ့) က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွ) အမိန့်ရှိတော်မူသည်။ အကြင်ဗန္ဓဟ်သည် (လာအေလားဟ အစ်လလ္လာဟ်)ကို ရွတ်ဆို ယုံကြည်လက်ခံခဲ့သည်။ ပြီးနောက် ဤယုံကြည်ချက်ဖြင့် ကွယ်လွန်ခဲ့ပါလျှင် ၎င်းသူသည် ဧကန်မုချ ဂျန္နတ်သို့ဝင်ရောက်ရပေမည်။ ထိုအခါကျွန်ုပ်က အကယ်၍ ၎င်းသူသည် ဇေနာနှင့် ခိုးဝှက်သောအမှုကို ကျူးလွန်ခဲ့လျှင် အဘယ်သို့ပါနည်းဟု မေးလျှောက်ရာ ကိုယ်တော်မြတ်(ဆွ)က အကယ်၍ ၎င်းသူသည် ဇေနာကျူးလွန်ခဲ့ပါသော်၊ ခိုးဝှက်ခဲ့ပါသော်ဟု အမိန့်ရှိတော်မူသည်။ တစ်ဖန် ကျွန်ုပ်က ဆက်လက်၍ အကယ် ၎င်းသည် ဇေနာကျူးလွန်ခဲ့ပါလျှင် ၊ ခိုးဝှက်ခဲ့ပါလျှင် အဘယ်သို့နည်းဟု မေးလျှောက်တော်မူရာ ကိုယ်တော်မြတ်(ဆွ)က အကယ်၍ ၎င်းသည် ဇေနာကျူးလွန်ခဲ့ပါသော်၊ ခိုးဝှက်ခဲ့ပါသော် ဟု ဖြေကြားတော်မူသည်။ (၎င်းအမေးကို သုံးကြိမ်ဖော်ပြပါသည်။ (အလ္လာဟ်ရဂ်မေ့)အဗူဇရ်ဖြစ်သော်လည်း မုချဧကန် ၎င်းသူသည် ဂျန္နတ်သို့ ၀င်ရောက်ရပေမည်။
ရှင်းလင်းချက်။ ။ (အလ္လာဟ်ရဂ်မေ့)သည် အရဗီစာပေ၌ သီးသန့်အသုံးအနှုန်းတစ်ခုဖြစ်သည်။၎င်းစာလုံး၏ ဆိုလိုရင်းမှာ အကယ်၍ အသင်သည် မလိုလားမနှစ်သက်သော်ငြားလည်း၊ အသင်က ၎င်းအမှုကိစ္စကို မဖြစ်စေလိုသော်လည်း ၎င်းအမှုကိစ္စသည် ဖြစ်ကို ဖြစ်လာပေလိမ့်မည်။ ဟဇရသ် အဗူဇရ်(ရသွေ့)က အလွန်အံသြနေပေသည်။ ဤမျှ ကြီးမားလှသော အပြစ်ဒုစရိုက်များကို ကျူးလွန်ထားပါလျက်နှင့် အဘယ်သို့ ဂျန္နသ်သို့ ၀င်ရောက်ကြပါမည်နည်း။ တရားတော်အရ ဖြစ်သင့်သည်မှာ အပြစ်ဒုစရိုက်၏ အပြစ်ပေးမှုကို ခံယူရပေလိမ့်မည်။ သို့ဖြစ်ရာ တမန်တော်မြတ်(ဆွ)ံက ၎င်း၏တွေဝေ အံသြနေမှုများ ပပျောက်သွားစေရန်အတွက်ကြောင့် အမိန့်ရှိတော်မူခြင်းဖြစ်သည်။ ဟဇရသ် အဗူဇရ်(ရသွေ့) အဘယ်မျှပင် မလိုလား မနှစ်မြို့သော်ငြားလည်း ၎င်းသူသည် မုချဂျန္နတ်သို့ ၀င်ရောက်ရပေလိမ့်မည်။ အကယ်၍ ၎င်းအပြစ် ဂိုနာဟ်ကျူးလွန်ခဲ့ပါမူ ၎င်း၏အီမာန်က စေ့ဆော်တိုက်တွန်းမှုဖြင့် ၎င်းသည် သောင်ဗဟ်အစ္စသစ်ဂ်ဖာရ်အမှားဝန်ချတောင်းပန်ပေလိမ့်မည်။သို့မဟုတ်ကလည်း အရှင်မြတ်သည် မိမိ၏ မဟာကရုဏာတ်တော်၏ သဟဲဖြင့် ခွင့်လွှတ်ချမ်းသာပေးတော်မူပြီး(သို့) အဇာဗ်ခံယူစေပြီးမှ ဂျန္နတ်သို့ ၀င်ရောက်ခွင့် ချီးမြှင့်တော်မူလိမ့်မည်။
အာလင်ပညာရှင်များက အမိန့်ရှိကြသည်။ အထက်ပါဟဒီးဆ်တော်၌ ပါရှိသော (လာအေလားဟ အစ်လလ္လာဟ်) ရွတ်ဆိုခြင်းဟူသည် သာသနာတော်တစ်ရပ်လုံးနှင့် သောင်ဟီးဒ်တစ်ပါးတည်းသော အရှင်မြတ်ပေါ် အီမာန်ယူသက်ဝင်ယုံကြည်ခြင်းနှင့် ၎င်းအပေါ်လိုက်နာကျင့်သုံခြင်းကို ပင်ခေါ်ပေသည်။
Tuesday, February 25, 2014
၆။ ဖြန့်ချီရမည့်တာဝန်
ဟဇရသ် ယအ်လာဗင်န်ရှဒ္ဒါဒ်(ရဒွိယလ်လာဟုအန်ဟု) အမိန့်ရှိသည်။ ကျွန်ုပ်ဖခင် ဟဇရသ် ရှဒ္ဒါဒ်(ရဒွိယလ်လာဟုအန်ဟု) က အောက်ပါ အဖြစ်အပျက်ကို ပြောပြခဲ့သည်။ ထိုအချိန်က ဟဇရသ်အုဗာဒဟ်(ရဒွိယလ်လာဟုအန်ဟု) လည်းရှိနေရာ ၎င်းကလည်း ထောက်ခံခဲ့သည်။ တစ်ခါက ကျွန်ုပ်တို့သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံ၌ ခစားနေကြသည်။ ထိုစဉ် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ဤထိုင်ဝိုင်း၌ မွတ်စ်လင်မ် မဟုတ်သူများရှိပါသလားဟု မေးတော်မူရာ ကျွန်ုပ်တို့က တစ်ယောက်မျှမပါရှိပါဟု ဖြေကြားကြသည်။ ထိုအခါ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က တံခါးပိတ်လိုက်ကုန်။ ပြီးနောက် ဆက်လက်၍ အမိန့်ရှိတော်မူသည်။ မိမိတို့၏လက်များကို မြှောက်လိုက်ကြပါ။ ပြီးနောက် (လာအေလားဟ အစ်လလ္လာဟ်) ကို ရွတ်ဆိုကြပါလေ။ ထိုအခါ ကျွန်ုပ်တို့အားလုံးက မိမိတို့၏လက်များကို အချိန်အနည်းငယ်ကြာမျှ မြှောက်ထား၍ ကလေမဟ် တော်ကို ရွတ်ဆိုကြလေ၏။ ပြီးနောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က လက်များကို ပြန်ချတော်မူပြီး အမိန့်ရှိတော်မူသည်။ အမ်ဟမ်ဒုလလ္လာဟ် အို အလ္လာဟ်၊ အရှင်မြတ်က ကျွန်တော်မျိုးအား ဤကလိမဟ်တော်ကို ချီးမြှင့်၍ စေလွှတ်တော်မူခဲ့ပါသည်။ ၎င်းကလိမဟ်တော်ကို ဖြန့်ချီရန်လည်း အမိန့်ပေးခဲ့ပါသည်။ ၎င်းကလိမဟ်တော်အတွက် ဂျန္နတ်ရရှိမည်ကိုလည်း ကတိပြုခဲ့ပါသည်။ အရှင်မြတ်သည် မိမိကတိတော်ကို မည်သည့်အခါတွင်မျှ ဖျက်တော်မူလိမ့်မည်မဟုတ်ပါ။ ပြီးနောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ကျွန်ုပ်တို့အား အမိန့်ရှိတော်မူသည်။ ၀မ်းမြောက်ပျောက်ရွှင်ကြလေကုန်။ အလ္လာဟ်(စွဗ်ဟာနာ ၀သအာလာ) က အသင်တို့အား ခွင့်လွှတ်ချမ်းသာပေးတော်မူလိုက်ပြီ ။ (မွတ်စ်နဒ်အဟ်မဒ်)
Sunday, February 23, 2014
၅။ အရရှ်သို့ပေါက်သော ကလေမဟ်
ဟဇရသ် အဗူဟုရိုင်ရဟ်(ရဒွိယလ်လာဟုအန်ဟု)ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အမိန့်ရှိတော်မူသည်။ ဗန္ဒဟ်တစ်ဦးသည် စိတ်စေတနာဖြူစင်စွာဖြင့် (လာအေလားဟ အစ်လလ္လာဟ်ဟို့) ကိုရွတ်ဆိုခဲ့ပါမူ ၎င်းကလိမဟ်အတွက် မိုးကောင်းကင်၏တံခါးများသည် ပွင့်သွားပေသည်။ ပြီးနောက် ဤကလိမဟ် တော်သည် ချက်ချင်းကဗူလ်ဖြစ်၍ အရရှ်ပလ္လင်တော်သို့တိုင် ရောက်ရှိသွားပေသည်။ သို့သော်၎င်းကလိမဟ်တော်ကို ရွတ်ဆိုသောသူသည် ဂိုနာဟ်ကဗီရဟ် ကြီးလေးသော အပြစ်ဂိုနာဟ်များမှ ရှောင်ကြဉ်သူဖြစ်ရမည်။
ရှင်းလင်းချက်။ ။ စိတ်စေတနာ ဖြူစင်စွာဖြင့် ဟူသည် စိတ်၌မသမာ မရိုးသားမှု့၊ပြစားမှု့၊ကောက်ကျစ်မှုများမရှိစေရပေ။ ၎င်းကြီးလေးသောသော အပြစ်ဂိုနာဟ်များမှရှောင်ကြဉ်ရန် စည်းကမ်းသတ်မှတ်ရခြင်းမှာလည်း ၎င်းကလိမဟ်တော်ကို အလျင်အမြန်လက်ခံ ကဗူလ်ပြုရန်အတွက်ပင် ဖြစ်ပေသည်။ အကယ်၍(ကဗီရဟ်ဂိုနာဟ်)ကြီးလေးသော အပြစ်ဂိုနာဟ်များ ကျူးလွန်ထားခဲ့ပါမူလည်း ၎င်းကလိမဟ်တော်ကို ဖတ်ရွတ်ခြင်ဖြင့် အကျိုးအမြတ်မှ လက်မဲ့ဖြစ်ရမည်တော့မဟုတ်ချေ (မစ်ရ်ကာသ်)
Saturday, February 22, 2014
၎။အမွန်မြတ်ဆုံး ဇိက်ရ်နှင့် အသာမြတ်ဆုံးဒိုအာ
ဟဇရသ် ဂျာဗိရ်ဗင်န်အဗ်ဒွလ္လာဟ်(ရဒွိယလ်လာဟုအန်ဟု)က ဆင်ပြန်.ခဲ့သည်။တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ဤသို့အမိန့်ရှိတော်မူသည်ကို ကြားခဲ့ရသည်။ ဇိက်ရ်များအနက် အမွန်မြတ်ဆုံးသော ဇိက်ရ်မှာ (လာအေလားဟ အစ်လလ္လာဟ်ဟို့) ပင်ဖြစ်သည်။ ၎င်းဒိုအာများအနက် အသာမြတ်ဆုံးသော ဒိုအာမှာ (အမ်ဟမ်ဒုလလ္လာဟ်) ဖြစ်သည်။ (သစ်ရ်မေဇီ)
ရှင်းလင်းချက် ။ ။ (လာအေလားဟ အစ်လလ္လာဟ်ဟို.)ကို အသာမြတ်ဆုံးသော ဇိက်ရ်အဖြစ် ဖော်ပြရခြင်းမှာ အစ္စလာမ်သာသနာတော်တစ်ခုလုံး၏ အခြေခံသည်ပင် ၎င်းအပေါ်၌ တည်နေလေသည်။၎င်းအချက်မပါဘဲနှင့် အီမာန်မစစ်မှန် မပြည့်စုံနိုင်ချေ။ ၎င်းမွတ်စ်လင်မ်ပင်မဖြစ်နိုင်ချေ။(အမ်ဟမ်ဒုလလ္လာဟ်)ကိုအသာမြတ်ဆုံးသော ဒိုအာအဖြစ်ဖော်ပြရခြင်းမှာ အလွန်တရာသနားကြင်နာသောအရှင်အား ချီးမွမ်းမှုပြုခြင်းသည်ပင်လျှင် တောင်းဆိုအသနားခံခြင်း ဖြစ်ပေရာ ဒိုအာဟူသည် အရှင်မြတ်ထံတော်မှ တောင်းဆို အသနားခံခြင်းကိုပင်ခေါ်ပေသည်။

Monday, February 17, 2014
ဟဒီးစ်တော်များ
၁။ အီမာန်၏ အမြင့်ဆုံးအချက်
ဟာဇရသ် အဗူဟုရိုင်ရဟ် (ရဒွိယလ်လာဟုအန်ဟု ) က ဆင့်ပြန်ခဲ့သည် ။တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ် ) အမိန့်ရှိတော်မူသည်။ အီမန်တွင် အကိုင်းအလက်ပေါင်း ( ၇၀ )ကျော်ရှိသည်။ ၎င်း တို့အနက် အမြင့်မားဆုံးသော အချက်မှာ La ilaha illa-llah ကိုယုံကြည်လက်ခံခြင်းဖြစ် ၍ အနိမ့်ဆုံးသော်အချက်မှာ လူအများအားဒုက္ခဖြစ်စေသောဆူးငြောင့်ခလုတ်များကိုလမ်းမှဖယ်ရှားပေးခြင်း
ဖြစ်သည်။ထို့အပြင် အရှက်တရားသည် အီမာန်၌ အလွန်ရေးကြီးသောအကိုင်းအလတ် ( ၀ါ )အချက်တခု ဖြစ်ပေသည် ။ ( မွတ်စလင် )
၂ ။ လွတ်မြောက်ရေးအကြောင်း
ဟဇရသ်အဗူဗရ် (ရဒွိယလ်လာဟုအန်ဟု ) က ဆင့်ပြန်ခဲ့သည် ။တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ် ) အမိန့်ရှိတော်မူသည်။ အကြင်သူသည် ဤ ကလိမဟ်တော်ကို ယုံကြည်လက်ခံခဲ့ပါလျှင် ၎င်းကလိမဟ်ကို ငါကိုယ်တော်မြတ်က မိမိ၏ဘကြီးတော် ( အဗူသွာလိဗ် )အား ( ၎င်းအားကွန်လွန်ခါနီးတွင် ) သင်ပြပေးရာ ၎င်းက ငြင်းပယ်ခဲ့သည် ။ ၎င်းကလေမဟ်သည် ထိုသူ့အဖို့ လွတ်မြောက် အောင်မြင်စေသော အကြောင်းခံဖြစ်လေသည် ။ ( မွတ်စ်နဒ်အဟမဒ် )
၃ ။ အီမာန်ကိုလန်းဆန်းအောင်ပြု
ဟဇရသ် အဗူဟုရိုင်ရဟ် (ရဒွိယလ်လာဟုအန်ဟု ) က ဆင့်ပြန်ခဲ့သည် ။တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ် ) အမိန့်ရှိတော်မူသည်။ မိမိတို့၏အီမာန်ကို လန်းဆန်းအောင် ပြုလုပ်ကြလေကုန် ။ထိုအခါလူအများက ယာရစူလလ္လာဟ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ် )ကျွှန်ုပ်တို့သညိမိတို့၏ အီမာန်ကိုအဘယ်ကဲ့သို့ လန်းဆန်းအောင်ပြုလုပ်ရပါမည်နည်းဟု မေးလျှောက်ကြလေရာ အမိန့်ရှိတော်မူသည်မှာ La ilaha illa-llah ကိုများမြောက်စွာ ရွှတ်ဖတ်ပြောဆိုကြလေကုန် ။
၎ ။ အမွန်မြတ်ဆုံး ဇိက်ရ်နှင့် အသာမြတ်ဆုံး ဒုအာ
ဟာဇရသ် ဂျာဗိရ်ဗင်အဗ်ဒွလ္လာဟ် (ရဒွိယလ်လာဟုအန်ဟု ) က ဆင့်ပြန်ခဲ့သည် ။တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ် ) အမိန့်ရှိတော်မူသည်။ ဇိက်ရ်များအနက် အမွန်မြတ်ဆုံးသောဇိက်ရ်မှာ La ilaha illa-llah ပင်ဖြစ်သည် ။ ၎င်းဒိုအာများအနက် အသာမြတ်ဆုံးသော ဒိုအာမှာ al-ham-doo-li-lah ဖြစ်သည်။
(သစ်ရ်မေဇီ)
ရှင်းလင်းချက် ။ ။ La ilaha illa-llah ကိုအသာမြတ်ဆုံးသော ဇိက်ရ်အဖြစ် ဖော်ပြရခြင်းမှာ အစ္စလာမ်သာသနာတခုလုံး၏ အခြေခံသည်ပင် ၎င်းအပေါ်၌ တည်နေလေသည်။၎င်းအချက်မပါဘဲနှင့်အီမာန်မစစ်မှန်မပြည်စုံနိုင်ချေ။၎င်းမွတ်စလင်မ်ပင်မဖြစ်နိုင်ချေ။ al-ham-doo-li-lah ကိုအသာမြတ်ဆုံးသော ဒိုအာအဖြစ် ဖော်ပြရခြင်းမှာ အလွန်တရာသနားကြင်နာသောအရှင်အား ချီးမွမ်းမှုပြုခြင်းသည်ပင်လျှင် တောင်းဆိုအသနားခံခြင်း ဖြစ်ပေရာ ဒိုအာဟူသည် အရှင်မြတ်ထံတော်မှ တောင်းဆို အသနားခံခြင်းကိုပင် ခေါ်ပေသည်။
(မဇွာဟစ်ရ်ဟပ်က် )
၅ ။ မရရှ်သို့ပေါက်သောကလေမဟ်
ဟဇရသ်အဗူဗရ် (ရဒွိယလ်လာဟုအန်ဟု ) က ဆင့်ပြန်ခဲ့သည် ။တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ် ) အမိန့်ရှိတော်မူသည်။ဗန္ဓဟ်တဦးသည် စိတ်စေတနာဖြူစင်စွာဖြင့် La ilaha illa-llah ကိုရွတ်ဆိုခဲ့ပါမူကလိမဟ်အတွက်မိုးကောင်းကင်တံခါးများသည်ပွင့်သွားပေသည်။ပြီးနောက် ဤကလိမဟ်တော်သည် ချက်ချင်းကဗူလ်ဖြစ်၍ အရရှ်ပလ္လင်တော်သို့တိုင် ရောက်ရှိသွားပေသည် ။ သို့သော်၎င်းကလိမဟ်တော်ကိုရွတ်ဆိုသောသူသည်ဂိုနာဟ်ကဗီရဟ်ကြီးလေးသောအပြစ်ဂိုနဟ်များမှ ရှောင်ကြဉ်သူဖြစ်ရမည်။
(သစ်ရ်မေဇီ)
ရှင်းလင်းချက် ။ ။ စိတ်စေတနာဖြူစင်စွာဖြင့်ဟူသည် စိတ်၌မသမာ မရိုးသားမှု ၊ ပြစားမှု ၊ ကောက်ကျစ်မှုမျာဒမရှိစေရပေ ။၎င်းကြီးလေးသောအပြစ်ဂိုနာများမှ ရှောင်ကြဉ်ရန် စည်းကမ်းသတ်မှတ်ရခြင်းမှာလည်း ၎င်းကလိမဟ်တော်ကို အလျင်အမြန်လက်ခံ ကဗူလ်ပြုရန်အတွက်ပင် ဖြစ်ပေသည်။ အကယ်၍ ( ကဗီရဟ်ဂိုနာဟ်) ကြီးလေးသောအပြစ်ဂိုနာဟ်များ ကျူးလွန်ထားခဲ့ပါမူလည်း ၎င်းကလိမဟ်တော်ကို ဖတ်ရွတ်ခြင်းဖြင့် အကျိုးအမြတ်မှ လက်မဲ့ဖြစ်ရ လက်မဲ့ဖြစ်ရမည်တော့ မဟုတ်ချေ။
( မစ်ရ်ကာသ် )
၆ ။ ဖြန့်ချီရမည့် တာဝန်
ဟဇရသ် ယအ်လာဗင်န်ရှဒ္ဒါဒ် (ရဒွိယလ်လာဟုအန်ဟု ) က အမိန့်ရှိသည်။ကျွှန်ုပ်ဖခင် ဟဇရသ်ရှဒ္ဒါဒ် (ရဒွိယလ်လာဟုအန်ဟု ) ကအောက်ပါအဖြစ်အပျက်ကို ပြောပြခဲ့သည်။ထိုအချိန်က ဟဇရသ် အုဗာဒဟ် (ရဒွိယလ်လာဟုအန်ဟု )လည်းရှိနေရာ ၎င်းကလည်းထောက်ခံခဲ့သည်။တစ်ခါကကျွှန်ုပ်တို့သည်တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ် ) ထံ၌ ခစးနေကြသည်။ထိုစဉ် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ် )က ဤထိုင်ဝိုင်း၌ မွတ်စလင်မ်မဟုတ်သူများရှိပါသလားဟု မေးတောမူရာ ကျွန်ုပ်တို့ကတစ်ယောက်မျှမပါရှိပါဟု ဖြေကြားကြသည် ။ထိုအခါ ကိုယ်တော်မြတ်က (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ် ) က တံခါးပိတ်လိုက်ကုန် ။ပြီးနေက် ဆက်လက်၍ အမိန့်ရှိတော်မူသည် ။မိမိတို့၏ လက်များကိုမြှောက်လိုက်ကျပါ။ပြီးနောက် La ilaha illa-llah ကိုရွတ်ဆိုကျပါလေး ။ထိုအခါ ကျွန်ုပ်တို့အားလုံးက မိမိတို့၏လက်များကို အချိန်အနည်းငယ်ကြာမျှ မြောက်ထား၍ ကလေမဟ်တော်ကို ရွတ်ဆိုကျလေ၏ ။ပြီးနောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ် )က လက်များကိုပြန်ချတော်မူပြီးအမိန့်တော်ရှိတော်မူသည်။al-ham-doo-li-lah အို အလ္လာဟ်၊ အရှင်မြတ်က ကျွန်တော်မျိုးအား ဤကလိမဟ်တော်ကို ချီးမြှင့်၍ စေလွှတ်တော်မူခဲ့ပါသည် ။၎င်း ကလိမဟ်တော်ကို ဖြန့်ချီရန်လည်း အမိန့်ပေးခဲ့ပါသည် ။၎င်း ကလိမဟ်တော်အတွက် ဂျန္နသ်ရရှိမည်ကိုလည်း ကတိပြုခဲ့ပါသည်။အရှင်မြတ်သည် မိမိကတိတော်ကို မည်သည့်အခါတွင်မျှ ဖျက်တော်မူလိမ့်မည် မဟုတ်ပါ။ပြီးနောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ် ) က ကျွန်ုပ်တို့အား အမိန့်တော်ရှိတော်မူသည်။ဝမ်းမြောက်ပျော်ရွှင်ကြလေကုန်။အလ္လာဟ် ( စွဗ်ဟာနဟူဝသအာလာ ) က အသင်တို့အား ခွင့်လွှတ်ချမ်းသာပေးတော်မူလိုက်ပြီး။
(မွတ်စ်နဒ်အဟ်မဒ်)

ကုရ်အာန်အာယတ်တော်များ
(၄) ဧကန်မလွဲ ငါအရှင်မြတ်သည် မိမိရစူလ်တမန်တော်တို့အားလည်းကောင်း ၊မျက်မှောက်ဒွန္နယာဘ၀၌ လည်း ကူညီစောင်မလျက်ရှိတော်မူ၏ ။သက်သေရပ်ကြမည့် (ကိယာမသ်ရှင် ပြန်ထမည့်)နေ့တွင်လည်း (ကူညီစောင်မတော်မူမည်။) (ကုရ်အာန် ၊ ၄၀း ၅၁)
(၅) အကြင်သူတို့သည် အီမာန်သက်ဝင်ယုံကြည်ကြ၏ ။၎င်းပြင်ထိုသူများသည် မိမိတို့အီမာန်သက်ဝင်ယုံကြည်မှုကို ( ရှိရ်က် ) တွဲဖက်ကိုးကွယ်မှုနှင့်ရောနှောခြင်းကိုလည်း မပြုခဲ့ကြချေ။ဘေးရန်ကင်းငြိမ်းခြင်းသည်ထိုသူအဖို့သာလျှင်ရှိ၏ ။၎င်းပြင်ထိုသူတို့သည်ဖြောင့်မှန်မှန်ကန်သေတရးလမ်းကြောင်းကို ရရှိသူများဖြစ်ကြကုန်သတည်း ။ (ကုရ်အာန် ၊ ၆း၈၂ )
(၆) သို့ရာတွင်ယုံကြည်ခြင်း သဒ္ဓါတရားရှိကြသူတို့မှာမှု အလ္လာဟ်အရှင်မြတ်ကိုသာလျှင်အလွန်ထက်သန်သော(ယုံကြည်ခြင်းသဒ္ဓါတရားဖြင့်) ချစ်ကြည်မြတ်နိုး ကိုးကွယ်ကြလေသည်။ ( ကုရ်အာန် ၊ ၂း ၁၆၅ )
(၇ ) အို နဗီတမန်တေ် အသင်သည် (၎င်းတို့အား တစ်ဖန် ဤသို့) ပြောကြားပါလေဦး ။အချင်းတို့ ငါ၏ဆွလာသ်ဝတ်ပြုမှုသည်လည်းကောင်း ၊ငါ၏ (အခြားအခြားသော ) ခ၀ပ်ကိုးကွယ်မှု ( အပေါင်း ) တို့လည်းကောင်း ၊ ငါ၏အသက်ရှင်ခြင်းသည်လည်းကောင်း ၊ငါ၏အသက်သေခြင်းသည်လည်းကောင်း၊ စကြ၀ဠာခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်နှစ်သက်တော်မူရန်သာလျှင်ဖြစ်သည်။
ကုရ်အာန် ၊ ၆း ၁၆၂)

Sunday, February 16, 2014
ကုရ်အာန်အာယတ်တော်များ
(၂) အကြင်သူတို.သည်သာလျှင် မုအ်မင်သက်ဝင်ယုံကြည်သူ(အစစ်အမှန်) များဖြစ်ကြကုန်၏။ ၎င်းတို.ရှေ.၀ယ် အလ္လာဟ်အရှင်မြတ်အား သတိရခဲ့လျှင် ၎င်းတို.၏စိတ်နှလုံးများသည် ထိတ်လန်.သွားကြကုန်၏။ ထို.ပြင် အကယ်၍ ၎င်းတို.၏ရှေ.၌ ထိုအရှင်မြတ်၏ အာယသ်တော်များကို ဖတ်ကြားခဲ့ပါမူ ထိုအာယသ်တော်များသည် ၎င်းတို.၏ အီမာန်သက်ဝင်ယုံကြည်မှု.ကို တိုးတက်ခိုင်မြဲစေကြကုန်၏။ ထိုမှ တစ်ပါး ၎င်းတို.သည် (မိမိတို.၏ ကိစ္စအ၀၀၌)မိမိတို.အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အပေါ်၌ပင် ယုံကြည်စိတ်ချလွဲအပ်ကြကုန်သတည်း။ (ကုရ်အာန်၊ ၈း ၂)
(၃) သို.ဖြစ်ပေရာ အကြင်သူတို.သည် အလ္လာဟ်အရှင်မြတ်ကို ယုံကြည်ကြ၍ ထိုအရှင်မြတ်၏ (ဒီးန်) သာသနာအစ္စလာမ်ကို မြဲမြံခိုင်ခံ့စွာ လက်ကိုင်ထားရှိကြကုန်၏။ သို့ဖြစ်လျှင် ထိုသူတို.အား မကြာမီ ထိုအရှင်မြတ်သည် မိမိ၏ ဂရုဏာတော်(တည်းဟူသော ဂျန္နသ်အမတဥယျဉ်ဘုံနန်း)နှင့် ကျေးဇူးတော်အတွင်းသို. ရောက်စေတော်မူအံ့။ ၎င်းပြင် ထိုအရှင်မြတ်သည် ယင်းသူတို.အား မိမိထံတော်သို.(ရောက်ရှိနိုင်ရန်) ဖြောင့်မတ်သော(တရား)လမ်းမှန်ကိုလည်း ညွှန်ပြတော်မူလတ္တံ။ (ကုရ်အာန်၊ ၄း ၁၇၅)
ကုရ်အာန်၏အာယသ်တော်များ
(၁) စင်စစ်ငါအရှင်မြတ်သည် အသင့်အလျင်စေလွှတ်တော်မူခဲ့သော မည်သည့်ရစူလ်တမန်တော်၏ထံကိုမဆို ဧကန်အမှန် ငါအရှင်မြတ်မှတစ်ပါး ခ,၀ပ်ကိုးကွယ်ရာအရှင်ဟူ၍ အလျဉ်းမရှိပြီ၊သို.ဖြစ်လေရာ အသင်တို့သည် ငါအရှင်မြတ်အားသာလျှင် ခ၀ပ်ကိုးကွယ်ကြလေကုန်ဟူ၍ အမိန်.တော် ချမှတ်ခဲ့သည်သာဖြစ်သည်။ (ကုရ်အာန် ၊ ၂၁း ၁၅)
Tuesday, February 11, 2014
အီမာန်
မွန်သခဗ်းဟဒီစ်း အီမာန်
အီမာန်
အီမာန်ကို အဘိဓာန်အရ တစ်စုံတစ်ခုသောအကြောင်းတရားကို တစ်ဦးတစ်ယောက်အပေါ်ထားရှိသော ယုံကြည်မှု.အကြောင်းခံဖြင့်ပင် အကြွင်းမဲ့ယုံကြည်လက်ခံခြင်းကို ခေါ်၏။ ၎င်းအစ္စလာမ့်ဝေါဟာရ၌မူ တမန်တော်မြတ်(ဆွ) က ဆင့်ပြန်မိန့်ကြားခဲ့သည်များကို လက်တွေ.သိမြင်ခံစားမူ.မရှိသော်လည်း တမန်တော်မြတ်(ဆွ)အပေါ်ထားရှိသောယုံကြည်သက်ဝင်မှု.ဖြင့်ပင် အကြွင်းမဲ့ယုံကြည်လက်ခံခြင်းကိုခေါ်သည်။

Subscribe to:
Comments (Atom)